Sunday, June 29, 2008

Computer ကို ပိုမိုမြန်ဆန်လာအောင် ပြုလုပ်နည်း(၂)

ကွန်ပျူတာကို အမြန်နှုန်းမြှင့်ချင်သူတွေအတွက် ဒုတိယပိုင်းလေးပါ။ ဒီနည်းတွေက တစ်ခုထည်းလုပ်ရင်တော့ သိသာမှာမဟုတ်ဘူးနော်။ ကျွန်တော့်အနေနဲ့ဖိတ်ခေါ်ချင်တာတစ်ခုရှိပါတယ်။ အဲဒါက ဒီ blog ကို ကျွန်တော်တစ်ယောက်တည်း သိထားတာတွေကို ရေးနေရတဲ့အတွက် အချို့နေရာတွေမှာ ပြည့်စုံမှုမရှိနိုင်ပါဘူး။ ဒါကြောင့်မှားနေတာရှိရင်လည်း ပြင်ပေးကြပါ။ နောက်တစ်ခုက သိထားတာလေးတွေရှိလို့ မသိတဲ့သူတွေကို ပြန်ပြီး မျှဝေပေးချင်တယ် ဆိုရင် ကျွန်တော့်ဆီကို email နဲ့ပို့ပေးလို့ရပါတယ်။ ကျွန်ပျူတာကို ပိုမြန်လာအောင်လုပ်တဲ့နည်းလေးတွေကိုဆက်လိုက်ရအောင်ဗျာ။

၁။ File Indexing ကို disable ပါ။

Control Panel >> Add> >Remove Windows Components ကိုသွားပြီး Indexing Service ရဲ့ရှေ့က chack ကို ဖြုတ်လိုက်ပါ။ အဲဒီလိုလုပ်ပြီး file တွေကို ရှာရတာပိုမြန်ပါတယ်။ Memory လည်းမစားတော့ဘူး။ file တွေကို ခဏခဏ search မလုပ်ဘူးဆိုရင်တော့ ဒီလိုလုပ်ဖို့မလိုပါဘူး။

၂။ Priorities တွေကို Reset လုပ်ပါ။
ဒါကတော့ program တွေကို run ရတာပိုမြန်ချင်ရင်လုပ်တာပါ။ Tesk Manager ကိုဖွင့်ပါ။ ပေါ်လာရင် process tab ကိုနှိပ်ပါ။ Process ထဲက ကိုယ် အမြန်နှုန်းမြှင့်ချင်တဲ့ Program ပေါ်မှာ right click လုပ်ပြီး priority ကို high လုပ်လိုက်ရင် အဲဒီ program ကို အမြန်နှုန်းမြှင့်ပြီးသားဖြစ်သွားမယ်။

၃။ မျက်စိပသာဒ ကို လျှော့ချပါ။
Control Panel>>System ကိုဖွင့်ပါ။ ပွင့်ပြီဆိုရင် Advance tab ကိုသွားပြီး Performance ရဲ့ setting ကိုဖွင့်ပါ။ အဲဒီက Visual Effects tab မှာ Adjust for best performance ကိုရွေးလိုက်ပါ။ Apply လုပ်ရလို့ပြီ။ ဒါပေမယ့် မလုပ်နဲ့ဦး။ တော်ကြာ classic view ဖြစ်သွားရင် ကျွန်တော့်ကိုစိတ်ဆိုးနေမှာစိုးလို့။ အဲလိုလုပ်လိုက်ရင် အောက်က box ထဲမှာရှိတဲ့ check တွေအားလုံးပြုတ်သွားလိမ့်မယ်။ အဲဒါဆိုရင် window က classic view ဖြစ်သွားရော။ မဖြစ်အောင် အောက်ဆုံးက Use visual styles on windows and buttons သူ့အပေါ်တစ်ခုကျော်က Use common tasks in folders အဲဒီနှစ်ခုကို check လုပ်ထားလိုက်ပါ။ ပြီးရင်တော့ Apply လုပ်လို့ရပါပြီ။ ဒါဆိုရင် window ကို အရင်အတိုင်းပြန်မြင်ရမယ်။

၎။ Hibernation မလုပ်ပါနဲ့။
တော်တော် များများ ကတော့ မလုပ်ကြပါဘူး။ လုပ်ထားတယ်ဆိုရင်လည်း Control>>Power Option>>Hibernate ကိုသွားပြီး Enable Hibernation ကို Unchack လုပ်လိုက်ပေါ့။

၅။ Hard Disk ကိုရှင်းလင်းထားပါ။
Start>>Program>>Accessories>>System Tool အောက်မှာ Disk Cleanup ဆိုတာရှိတယ်။ အဲဒါကိုဖွင့်ပြီး Clean လုပ်လိုက်ပါ။ လုပ်နည်းကတော့ လူတိုင်းသိနေတဲ့အတွက် မပြောတော့ဘူး။

ဒါကတော့ အပိုင်း(၂) ပေါ့။ ဒီအပိုင်း (၁) နဲ့ (၂) နှစ်ခု လောက်နဲ့တင် ကွန်ပျူတာ ကသိသိ သာသာ အရင်ကထက်ပိုပြီး မြန်လာမှာပါ။ နောက်ထပ်လည်းထပ်ပြီးတင်ပေးပါဦးမယ်။ လာရောက် အားပေးကြတဲ့ စာဖတ်သူတွေနဲ့ အကြံပေးမှုတွေကို ၀မ်းမြောက်ဝမ်းသာကြိုဆိုလျှက်ပါ။

1 comment:

  1. ပညာလေးတွေယူသွားပြိ
    http://kingpeacock.blogspot.com/

    ReplyDelete