Wednesday, July 2, 2008

Block site များကို အလွယ်ဆုံးဖြတ်ကျော်ခြင်း(၁)

ကျွန်တော့်ရဲ့ တွေ့ရှိချက်လေးကို ပြောပြလို၍ ဤ post လေးကိုရေးသားရခြင်းဖြစ်ပါတယ်။ ရှေ့မှာလည်းInternet ကို လွယ်ကူစွာဖြတ်ကျော်ခြင်း ဆိုတဲ့ post လေးတစ်ခု ရေးပြီးသွားပါပြီ။ ဒီတစ်ခါမှာလည်း စမ်းသပ်ရင်းတွေ့ရှိထားသောကြောင့် စာဖတ်သူတွေသိစေရန် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် တစ်ချို့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ site တွေကို ဖွင့်ရင်လို့ပေါ်ပြီးဖွင့်မရတတ်ကြပါဘူး။ အရင်ကတော့ ကျွန်တော် တို့က freedom နဲ့ကျော်ပြီးကြည့်ကြပါတယ်။ ခုတလော freedom server တွေကလည်း ကောင်းကောင်းအလုပ်မလုပ်ကြတော့ဘူး။ freedom သုံးရင် စက်ကလည်း လေးသွားတယ် အဲဒါကြောင့် freedom မသုံးဘဲ ဒီအတိုင်းဝင်ရင်းနဲ့တွေ့သွားတာပါ။ ဒီနည်းက အရမ်းရိုးစင်ပြီး အလွယ်ကူဆုံးနည်းလေးလည်းဖြစ်ပါတယ်။ စမ်းသပ်ကြည့်ကြပါ။ ကျွန်တော်တို့လို မြန်မာနိုင်ငံမှာ Internet သုံးတဲ့သူတွေအတွက် အရမ်း အသုံးဝင်မှာပါ။ ဒီအကြောင်းမပြောခင် ကျွန်တော်သုံးတဲ့ web browser
ကိုအရင်ပြောပါ့မယ်။ ကျွန်တော်သုံးနေတဲ့ web browser က firefox 3.0 RC 2 ပါ။ ကျန်တဲ့ browser တွေပေါ်မှာတော့ မစမ်းရသေးပါဘူး။ လုပ်ပုံကလွယ်လွယ်လေးပါ။ site တစ်ခုကို ဖွင့်လိုက်လို့ စောစောကလို This site is blocked by MPT လို့ ပေါ်နေရင် browser က refresh button လေးကို နှိပ်ပြီး refresh လုပ်ပေးလိုက်ရုံပါ။ browser ရဲ့ဘယ်ဘက် အောက်ဆုံးမှာ Waiting for site name.com...... လို့ပေါ်ရင် စောင့်နေလိုက်ပါ။ အဲဒီ site ပွင့်လာပါလိမ့်မယ်။ Done လို့ပေါ်ရင်တော့ ထပ်လုပ်ပါအုံး။ တစ်ခါမရ နှစ်ခါပေါ့။ တစ်ချို့ site တွေက တစ်ခါလောက်နဲ့ရပေမယ့် တစ်ချို့ကတော့ အကြိမ် (၂၀) လောက် refresh လုပ်မှရတာမျိုးလည်းရှိပါတယ်။ ကျွန်တော်လုပ်သရွေ့တော့ အားလုံးရပါတယ်။ မရခဲ့ရင်လည်း စာရေးသူအနေနဲ့ တာဝန်ယူမည် မဟုတ်ပါကြောင်း။

4 comments:

  1. ISP filter က ကြောင်တောင်တောင်ရယ်။
    ပထမ ရနေပါရဲ့။နောက် ဒုံရင်း ပါဘဲ။
    reload လဲမရတော့ သေချာတာနဲ့ဘဲ ဆွဲပါတယ်။

    ReplyDelete
  2. အစ်ကိုခင်ဗျား

    Blogspot တွေအတွက်
    blogspotproxy.com ရှိပါတယ်။
    အလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။

    လေးစားလျက်
    ဝင်းဇော်

    ReplyDelete
  3. ဒီနေ့ mpt က blogspot ကိုပါ ဆော်လိုက်ပြီ။
်filter က bagan ပုံစံပါ။ ခုမှ FF 3 အသုံးဝင်လာတယ်။
    FF 3 က ဒီ filter ကို ကျော်နိုင်တယ်။ con. ကျချိန်တော့
    စောင့်ကြည့်ရဦးမယ်။ share ပေးတာ ကျေးဇူး...

    ReplyDelete
  4. ကျွန်တော် သုံးနေတဲ့ MPT က proxy က 203.81.64.34 ပါ။ ကျွန်တော်တို့ဆီမှာတော့ blog တွေကိုဝင်လို့ရသေးတယ်။ သီးသန့်ပိတ်ထားတဲ့ blog တွေ(နိုင်ငံရေး ရေးထားတဲ့) ပဲဝင်လို့မရတာပါ။

    ReplyDelete