Tuesday, June 10, 2008

Task Manager ပျောက်နေရင်

ဒီ post ကတော့ ခုအချိန်မှာ လူအတော်များများသိနေလောက်ပါပြီ။ ဒါပေမယ့် အချို့ ကွန်ပျူတာကို use to ဖြစ်နေပေမယ့် မကြုံဖူးသေးလို့ မလုပ်တတ်ကြတာတွေရှိပါတယ်။ ပြီးတော့ registry ကိုတော်ရုံမကိုင်တတ်ကြပါဘူး။ ဒါကြောင့်ဒီ post လေးကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

Task Manger ကို virus တွေကသာ disable ဖြစ်အောင်လုပ်လေ့ရှိပါတယ်။ virus မရှိတော့ ဘူးဆိုရင်တောင်မှ Tesk Manager က ပြန်မပေါ်တာရှိတတ်ပါတယ်။ အဓိကပြောချင်တာကတော့ Text Manager ပျောက်နေရင် ပြန်ဖွင့်လို့ရအောင်လုပ်ဖို့ပါ။
နှစ်နေရာလုပ်ရပါတယ်။ လုပ်ပြီဆိုရင်နည်းနည်း တော့မျက်စိရှုပ်တယ်။ tree တွေများနေလို့ပါ။ အရမ်းလည်းလွယ်ပါတယ်။ မသိရင်သာ ခက်နေတာပါ။
-Start >> Run ကိုဖွင့်ပါ။ (win+R)
-regedit လို့ရိုက်ထည့်ပြီး OK/ Enter လုပ်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။
-ပေါ်လာတဲ့ Registry Editor မှာ အောက်ပါ tree တိုင်းသွားပါ။
HKEY_LOCAL_MACHINE\Software\ Microsoft\ Windows\ Current Version\ Policies\ System ထိ ရောက်အောင်အဆင့်ဆင့် ဖွင့်သွားပါ။ နောက်ဆုံးရောက်နေတယ့် System ကို select လုပ်လိုက်ပြီး ညာဘက်ခြမ်း က window ထဲမှာ disable TaskMgr (key) ကိုရှာပါ။ တွေ့ရင် right click လုပပြီး delete လုပ်လိုက်ပါ။
ဒုတိယလုပ်ရမှာက
HKEY_CURRENT_USER\ Software\ Microsoft\ Windiws\ Current Version\ Policies\ System ကိုသွားပါ။ အထက်ကအတိုင်း disable TaskMgr (key) ကိုရှာပြီး delete လုပ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာကို restart လုပ်လိုက်ပါ။ Task Manager ကိုဖွင့်ကြည့်ပါ။ ကောင်းသွားပါလိမ့်မယ်။
ဝါသနာပါရင်လုပ်ကြည့်ဖို့ပါ။ အလွယ်တစ်ကူပြန်ကောင်းအောင်လုပ်လို့ရတယ့်နည်း ရှိပါတယ်။ ဒီ Software လေးကို run လိုက်ပါ။ ကောင်းသွားလိမ့်မယ်။ ရှာရှည်ပြီး ဆရာကြီးလုပ်ထားတာ။ :P

0 comments:

Post a Comment