Wednesday, June 11, 2008

Registry Editor ဖော်လို့မရရင်

စာဖတ်သူများအတွက် ရေးချင်လွန်းအားကြီးလို့ အရမ်းကြီးရေးလိုက်တာ တစ်ခုကျန်သွားတယ်။ sorry နော်။ ကျွန်တော်က Task Manager တို့ Search တို့ Folder Option တို့ ပျောက်နေရင်ဖော်လို့ရတာတွေဘဲရေးနေတာ။ အဲဒီဟာတွေအားလုံးက Registry Editor ကပဲသွားပြီးပြင်ရတာလေ။ virus ဆိုတဲ့ကောင်တွေကလဲ ဆိုးမှဆိုး။ အဲဒီလိုပြင်လို့မရအောင် Registry Editor ကိုသွားပြီးတော့ ပိတ်ထားကြသေးတယ်လေ။ အဲဒီတော့ Registry Editor ကိုပိတ်ထားရင် ပြန်ဖွင့်တဲ့နည်းလည်း ထပ်ပြီးပြောရအုံးမှာပေါ့။
ဒါကလည်းလွယ်ပါတယ် ဒီအတိုင်းလုပ်လိုက်ပေါ့-
ထုံးစံအတိုင်း Run ကိုဖွင့်၊ အဲဒီမှာ gpedit.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Group Policy ဆိုတဲ့ window ပွင့်လာလိမ့်မယ်။ ဘယ်ဘက်က tree မှာ User Configuration\Adminstrative Templates\System ထိဖွင့်လိုက်ပါ။ System ကို select လုပ်ထားပါ။ ကျော်သွားရင် ရွာလည်နေမှာစိုးလို့။ System ကို select လုပ်ပြီးရင်ညာဘက်က Prevent Access To Registry Editing Tools ဆိုတာကို double click လုပ်ပြီးဖွင့်လိုက်။ သူ့ရဲ့ properties မှာ Not Configured ကို select လုပ်ပြီး OK ပေးလိုက်ပါ။ ဒါဆိုရင် Registry ကို ဖွင့်လို့ရပါပြီ။

2 comments:

  1. ဟေး ညီရေ ကိုယ့်ဆီမှာပွင့်သွားပြီဟေ့ တော်သေးတယ် ဒီနေ့ပဲ ပွင့်လို့ မြင်ရလို့ ရောက်လာတာ။ CBox မတွေ့လို့ ဒီမှာ ရောက်ရှိထွက်ခွါလေး ထားပေးခဲ့တာ။ ကိုယ်လည်း ညီလေးတို့ပြောပြမျှဝေထားတဲ့ U-89 Ultra Search နဲ့ freegate application လေးတွေ လက်ကိုင်ထားအားကိုး နေရတယ်လေ။ အခုတော့ ဒီ site လေးပါထပ်လင့်က်လိုက်ပြီ။ နောက်ထပ် နည်းနိသျ လေးတွေကိုစောင့်ပြီး လာလာဖတ်မယ်။

    ReplyDelete
  2. အစ်ကို့ရဲ့ နေလွမ်းသူ blog က ဖျက်ပစ်လိုက်တာလား။ has been remove ဖြစ်နေတယ်။ စာလာဖတ်တဲ့သူတွေ စစ်သားတွေအကြောင်းသိသွားအောင်ပါ။ တစ်ချို့လူတွေက ကျွန်တော်တို့ကို အထင်လွဲနေကြတာ။

    ReplyDelete