Thursday, June 5, 2008

အင်တာနက်ကို လွယ်ကူစွာဖြတ်ကျော်နည်း

ယခုအချိန်မှာ အင်တာနက်ကို အဆင်ပြေပြေ၊ လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ခွအသုံးပြုနိုင်ဖို့အတွက် ကျွန်တော်အားလုံးကို Software တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဆော့ဝဲလ်အကြောင်းမပြောခင် ထုံးစံအတိုင်း intro လေးဝင်လိုက်ဦးမယ်နော် ….
အင်တာနက်အသုံးပြုသူတွေဟာ ပိတ်ထားတဲ့ ၀က်ဆိုဒ်တွေ၊ အင်တာနက်ဝန်ဆောင်မှုတွေကို ကျော်လွှားအသုံးပြုကြတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ အဲ့ဒီထဲမှာမှ web proxy နေတစ်ဆင့် အသုံးပြုတာနဲ့ bypassing application (ဥပမာ - Your Freedom) တွေအသုံးပြုတာက ပိုပြီးများတယ်။ အဲ့ဒီနှစ်မျိုးလုံးမှာ သူ့အားနည်းချက်နဲ့ သူရှိပါတယ်။ အင်တာနက်ပေါ်မှာလည်း သိန်းနဲ့ချီတဲ့ web proxy တွေရှိပါတယ်။ တစ်ချို့လူသုံးများတဲ့ Site တွေကိုလည်း မြန်မာနိုင်ငံမှာအသုံးပြုခွင့်ပိတ်ထားပါတယ်။ အဲ့ဒီ web proxy တွေရဲ့အားနည်းချက်ကတော့ web page surfing အတွက်သာအသုံးပြုနိုင်ခြင်း၊ Messenger ကဲ့သို့ application များအသုံးမပြုနိုင်ခြင်း၊ ကြော်ငြာများပြားခြင်း၊ တစ်ချို့ဆိုဒ်များတွင် virus များတောင်ရှိတတ်ပါတယ်။ ဒါကြောင့်အဲ့ဒီ web proxy တွေ အသုံးပြုရင် သေချာစီစစ်ပြီးမှ အသုံးပြုသင့်ပါတယ်။ bypassing application မှာတော့ အခု Your Freedom ကိုအသုံးပြုတာများပါတယ်။ လူတိုင်းနည်းပါးလည်းသိပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ memory ကို အသုံးများခြင်း၊ Account ပြုလုပ်ရခြင်း (တတ်နိုင်ပါက ၄င်းဝန်ဆောင်မှုအား ၀ယ်ယူအသုံးပြုနိုင်ပါတယ်)၊ Your Freedom ကပေးတဲ့ Free Account မှာ Bandwidth နဲ့ Connection Stream များ ကန့်သတ်ထားခြင်း၊ မူရင်း Software File Size (27 MB) ကြီးခြင်းကြောင့် Download ပြုလုပ်ရတာ အခက်အခဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့တတွေဟာ အသုံးပြုရအဆင်ပြေမယ့် နည်းလမ်းများကို အစဉ်သဖြင့်ရှာဖွေစမ်းသပ်ခဲ့ပါတယ်။ အခုတော့ အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ့် Software တစ်ခုကို တွေ့ရှိထားပါတယ်။ အလွန်ကောင်းမွန်တဲ့ Freeware တစ်ခုပါ။ အဲ့ဒါကိုအသုံးပြုဖို့အတွက် ဘာအဖိုးအခမှ ကုန်ကျမှာမဟုတ်ပါဘူး။ ပြီးတော့ Connection Speed ဟာလည်း အလွန်လျင်မြန်ကောင်းမွန်လှပါတယ်။ Firefox, IE, Safari စတဲ့ Web Browser တွေနဲ့အလုပ်လုပ်သလို၊ Messenger တွေနဲ့လည်း အလုပ်လုပ်ပါတယ်။ နောက်ပြီး အရမ်းကောင်းတဲ့အချက်ကတော့ အဲ့ဒီ software ဟာ Portable or Micro Application ဖြစ်နေတာပါပဲ။ အားလုံးသိကျတဲ့အတိုင်း Portable or Micro Application တွေဟာ ကွန်ပျူတာပေါ်မှာ Install လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။ ပြီးတော့ နောက်တစ်ခုကို ကျွန်တော်ပြောလိုက်ရင် အံ့သြသွားလိမ့်မယ်။ အဲ့ဒါဘာလဲဆိုတော့ အဲ့ဒီ Application ရဲ့ File Size ဟာ 105 Kb သာရှိပါတယ်။ ဒါကြောင့် အဲ့ဒီ Application ကို သွားလေရာဆောင်ထားပြီး အသုံးပြုနိုင်ပါတယ်။ ဥပမာ Cyper Cafe လိုနေရာမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီ Software ရဲ့နာမည်ကတော့ Ultra Surf ပဲဖြစ်ပါတယ်။ Wujie ဆိုတဲ့အဖွဲ့အစည်းက တီထွင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ်ချနိုင်ပါတယ်။ http://www.wujie.net/downloads/ultrasurf/u.zipor http://www.mediafire.com/?fb2f92kimmb ဒါကတော့ သူ့ရဲ့ Manual လေးပါ http://www.wujie.net/userguide.htm
ကျွန်တော်အခု Ultra Surf အသုံးပြုပုံအကြောင်းကို အသေးစိတ်တင်ပြပါ့မယ်။ Ultra Surf ကို Download ချပြီးသွားရင် ကိုယ့်စက်ထဲမှာ (Unzip) ဖြေလိုက်ပါ။ အဲ့ဒီထဲမှာ u.exe (ultrasurf) ဆိုတဲ့ exe ဖိုင်လေးတစ်ခုပါပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ အဲ့ဒီဖိုင်လေးကို ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်။
စဖွင့်လိုက်တာနဲ့ Ultrasurf က proxy server နဲ့စတင်ချိတ်ဆက်မှုပြုလုပ်နေပါမယ်။ ပုံအောက်နားက အနီရောင်လေးထောင့်နဲ့ဝိုင်းပြထားပါတယ်။ ပထမဦးဆုံး Ultra Surf ကိုအသုံးပြုဖို့အတွက် Options တွေကို သတ်မှတ်ပေးရပါမယ်။ Option ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။ အောက်မြင်ကွင်းအတိုင်းမြင်ရမှာဖြစ်ပါတယ်။


Delete History ကိုတွေ့ရမှာပါ။ အဲ့ဒါတွေက ကိုယ်အသုံးပြုပြီးသွားတဲ့အခါ ကိုယ့်ရဲ့လျို့ဝှက်အချက်အလက်တွေ၊ အသုံးပြုမှုမှတ်တမ်းတွေကို ရှင်းလင်းပစ်ဖို့ဖြစ်ပါတယ်။ သူတို့အောက်မှာ check box option ခြောက်ခုကိုတွေ့ရမှာပါ။ ပထမတစ်ခုက Start IE automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ကို automatically ဖွင့်မယ့် option ပါ။ ဒုတိယတစ်ခုက Set IE proxy automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ရဲ့ proxy setting ကို အလျိုအလျောက်သတ်မှတ်ထည့်သွင်းပေးဖို့ပါ (Firefox အတွက်ကတော့ ကိုယ်တိုင်လုပ်ဆောင်ရပါမယ်။ အောက်မှာ အသေးစိတ်ဖော်ပြပေးမှာပါ) ။ ဒါကို Check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ IE နဲ့ တစ်ခါတည်းအသုံးပြုနိုင်ပါတယ်။ proxy setting တွေထည့်ပေးစရာမလိုပါဘူး။ နောက်နှစ်ခုက Delete Cookie/History automatically when program exit ကို check လုပ်ထားရင် Ultrasurf ကိုပိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ privacy data တွေကို ဖျက်ပေးသွားမှာပါ။ နောက်တစ်ခုက Close IE automatically when program exit ကတော့ Ultrasurf ကို ပိတ်လိုက်ရင် IE ကိုပါအလိုအလျောက်ပိတ်သွားစေမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုက Hide Golden Lock (take effect on next start) ကတော့ Ultrasurf ကိုဖွင့်လိုကရင် PC window ရဲ့ ညာဘက်အောက်မှာ ရွှေရောင်သေ့လေးပေါ်နေမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။


အဲ့ဒီသော့လေးမပေါ်ချင်ရင် အဲ့ဒါကို Check လုပ်ရပါမယ်။ ဒါပေမယ့် ချက်ခြင်းတော့မပျောက်ဘူး နောက်တစ်ခါ ဖွင့်မှာပျောက်မှာပါ။ Option ကတော့ ဒါပါပဲ။ အခုနောက်ဆုံးအနေနဲ့ Proxy Setting အတွက်တင်ပြပေးမှာဖြစ်ပါတယ်။ Proxy Settings Button လေးကို နှိပ်လိုက်ရင် အောက်ပါအတိုင်းမြင်ရမှာပါ။


အောက်ဆုံးမှာ skip this dialog box in next start ဆိုတဲ့ check box ရှိပါတယ်။ အဲ့ဒါကို check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ Proxy settings တန်းတက်လာမှာဖြစ်ပါတယ်။ မရွေးထားရင်တော့ မတက်ဘူးပေါ့။ Proxy setting မှာ အပြာနဲ့ဝိုင်းထားတဲ့အပိုင်း (Auto detect proxy)နဲ့ အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy Setting) ဆိုပြီးနှစ်ပိုင်းရှိပါတယ်။ အပြာနဲ့ဝိုင်းထားတဲ့အပိုင်းကတော့ proxy setting ကို သူ့အလိုအလျောက်ရှာဖွေသွားမှာဖြစ်ပါတယ်။ အရင်ဆုံးအဲ့ဒီ setting နဲ့စမ်းသပ်ကြည့်ပါ။ Ultrasurf က သူရဲ့ proxy server ကို ဆက်သွယ်နိုင်ပြီဆိုရင် အောက်ပါအတိုင်းမြင်ရမှာပါ။


အကယ်၍ contacting fail ဖြစ်နေတယ်။ ဆက်သွယ်လို့မရဘူးဆိုရင် အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy setting) ကို အသုံးပြုရပါမယ်။ အဲ့ဒီလိုအသုံးပြုရာမှာ မိမိရဲ့ ISP ဒါမှမဟုတ် Proxy Server ပေါ်မှာ မူတည်ပြီး ပြောင်းလဲအသုံးပြုရမှာပါ။ ဥပမာ ပုဂံ(မြန်မာတယ်လီပို့) အတွက်ဆိုရင် proxy server က 20.381.71.237/4/8 port : 8080 ကိုထည့်သွင်းရမှာပါ။ server ကနေတဆင့် internet အသုံးပြုသူတွေအနေနဲ့တော့ အများအားဖြင့် 192.168.0.1 port : 8080 နဲ့အလုပ်လုပ်ပါတယ်။ အဲ့ဒီလိုထည့်သွင်းပြီးသွားပြီဆိုရင် Ultrasurf က Retry Button ကိုနှိပ်ပါ။ စတင်အလုပ်လုပ်ပါမယ်။ Connection successful ဖြစ်သွားပြီဆိုရင် IE နဲ့စတင်အသုံးပြုနိုင်ပါပြီ။ အဲ့ဒီမှာ အပြာနဲ့ဝိုင်းထားတဲ့နေရာမှာ ရွေးချယ်စရာ proxy server သုံးခုကို speed နဲ့တစ်ကွဖော်ပြပေးထားပါတယ်။ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Firefox နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ Firefox ရဲ့ Connection Setting (Tool > Option > Network > Connection မှာပါ။ version အလိုက်ကွဲပြားမှုတော့ နည်းနည်းရှိပါတယ်။ Connection Setting ကိုရအောင်ရှာပါ။) က Manual Proxy setting မှာ proxy address : 127.0.0.1 port : 9666 ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်။


ဒါဆိုရင် Ultrasurf ကိုအခက်အခဲမရှိအသုံးပြုနိုင်ပါပြီ။

0 comments:

Post a Comment