Google Gadget ထဲမှာ Proxy ကျော်လို့ရတာတွေအများကြီးပဲဗျ။ ဒီနေ့မှ ကလိရင်းနဲ့တွေ့သွားတာ။ တစ်ချို့ဟာတွေကတော့ သိပ်မမိုက်ပါဘူး။ ကျွန်တော်စမ်းသပ်ပြီး အကြိုက်ဆုံးတစ်ခုကို ဖော်ပြလိုက်ပါတယ်။ တော်တော်လေးကောင်းပါတယ် connection လေးသွားတာလုံးဝမရှိဘူး။ စမ်းကြည့်လိုက်ကြပါဦး။
Tuesday, July 29, 2008
blog ဖွဲ့စည်းပုံ မြင်ကွင်းအသစ်အတွက်
ကျွန်တော့်ရဲ့ နည်းပညာမှတ်စု blog ကိုလာရောက်လည်ပတ်ကြတဲ့အတွက် အများကြီး ၀မ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာ။ ကျွန်တော့် blog ကလည်း လာရောက်လည်ပတ်သူအားလုံးကို ၀မ်းမြောက်ဝမ်းသာကြိုဆိုလျှက်ပါ။ ဒီ blog လေးကြောင့်ပဲ ကျွန်တော့်မှာ အသိမိတ်ဆွေတွေတိုးလာရပါတယ်။ ဆက်စပ်မိရာတွေကို လိုက်ဖတ်ရင်းဖတ်ရင်းနဲ့ ဗဟုသုတတွေ တိုးလာပါတယ်။ ခုအချိန်မှာတော့ ကျွန်တော့်ရဲ့ blog လေးကို စုံစုံလင်လင် လေးနဲ့ လာရောက်ချင်စဖွယ်ဖြစ်အောင် တဖြည်းဖြည်း ပြင်ယူနေပါတယ်။ကျွန်တော်က ပညာရှင်တစ်ယောက်မဟုတ်ပါဘူး။ ၀ါသနာရှင်အဆင့်ပဲရှိပါတယ်။ အသစ်အဆန်းနဲ့ စမ်းသတ်ရတာတွေကို ၀ါသနာပါ ပါတယ်။ တစ်ခါတည်းကျွန်တော့ blog ရဲ့ဖွဲ့စည်းပုံလေးကိုပြောပြပါ့မယ်။
Home မှာ ကျွန်တော် နောက်ဆုံးရေးခဲ့တဲ့ post လေးခုကိုဖေါ်ပြပေးထားမှာပါ။
Computer ဆိုတဲ့အောက်မှာတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ရေးသားချက်တွေကို စုစည်းဖေါ်ပြပေးပါမယ်။
Internet နဲ့ပတ်သက်ပြီးကျွန်တော်တတ်သရွေ့ မှတ်သရွေ့ ရေးထားတာ လေးတွေကို Internet ဆိုတဲ့အောက်မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။
Networking နဲ့ပတ်သက်ပြီး လေ့လာချင်ရင်တော့ Networking ခေါင်းစဉ်အောက်ကျွန်တော်သိတာလေးတွေ ရေးပေးထားပါတယ်။
အသစ်ထပ်ပြီးတိုးချဲ့ထားတာတွေကတော့ Advertisting, Chat Room နဲ့ Proxy ပါပဲ။
တိုးတက်မှုအတွက် အကျိုးရှိစေမယ့် လုပ်ဆောင်ချက်များကို Advertisting မှာ ကြော်ငြာပေးပါ့မယ်။
Chat room ကတော့ ကျွန်တော့် blog မှာ လာရောက်လည်ပတ်သူများ အချင်းချင်း စကားပြောမိတ်ဆက်နိုင်အောင် နဲ့နည်းပညာ ဖလှယ်လို့ရအောင် ရည်ရွယ်ပြုလုပ်ပေးထားတာပါ။ chat room မှာ အားလုံးဝင်ရောက်ပြောဆိုနိုင်သလို ရင်းနှီးသူချင်း နှစ်ဦးတည်း pravite chat လည်း စကားပြောနိုင်ပါတယ်။
Proxy ဆိုတာကတော့ မြန်မာနိုင်ငံက Internet user တွေအတွက် အဓိကရည်ရွယ်ပြီးရေးထားတာပါ။ Block လုပ်ထားတဲ့ Site တွေကို ကျော်ကြည့်လို့ရမယ့် နည်းလမ်းတွေကို ရေးသားပေးပါ့မယ်။ မြန်မာနိုင်ငံက အသိတွေရှိလို့ ရှိရင်လည်း ပြန်လည်ဝေငှပေးကြပါ။
နောက်ဆုံးတစ်ခုကတော့ ကျွန်တော့် blog ရဲ့ အပေါ်ဆုံးမှာ proxy over site တွေကို random သွားလို့ရအောင် လုပ်ပေးထားပါတယ်။ ကျွန်တော်တော့ သိပ်မကြိုက်ပါဘူး။ အရမ်းလေးသွားလို့ပါ။ နောက်ဆုံးမရရင် အသုံးပြုလို့ရအောင်ရည်ရွယ်ထားတာပါ။ မြန်မာနိုင်ငံက user တွေအနေနဲ့ကတော့ proxy site တွေကိုမှတ်ထားစရာမလိုတော့ပါဘူး။ တစ်ကယ်လို့ ပွင့်လာတဲ့ proxy site ကအပိတ်ခံထာရတယ်ဆိုရင် ထပ်ပြီး click လိုက်ရုံပါပဲ။
ကျွန်တော့်ရဲ့ blog ကိုအသုံးပြုရင်း အဆင်မပြေတာများရှိရင် cbox မှာ မေးမြန်းနိုင်ပါတယ်။ အများအတွက်သက်ဆိုင်မယ်ထင်ရင် My blog help မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။ လာရောက်သူအားလုံးကို အစဉ် လေးစားလျှက်....

စာပေအမျိုးအစား :
About blog
Monday, July 28, 2008
Block site များကို အလွယ်ဆုံးဖြတ်ကျော်ခြင်း(၂)
လာပြန်ပြီဗျာ။ block လုပ်ထားလို့ကြည့်မရတဲ့ site တွေအတွက် အလွယ်တစ်ကူကျော်လို့ရမယ့်ဟာ ရှာလာပြန်ပြီ။ အရင်က ကျွန်တော်ရေးဖူးတာတွေရှိပါတယ်။ အဲဒါတွေထက်စာရင် ပေါ့လည်းပေါ့ သုံးရတာလည်းလွယ်။ အလုပ်လည်းမရှုပ်ဘူးဗျာ။ မရမချင်း refresh လည်းလုပ်စရာမလိုဘူး။ တစ်ချက် click ယုံနဲ့ Access Denied ဆိုတာကြီးကို ကျော်သွားလိမ့်မယ်။ File size ကသေးသေးလေးပဲ။ firefox user တွေအတွက် သီးသန့်ပါ။ firefox add-on လေးတစ်ခုပါ။
ဒီနေရာကလေ dodnload ဆွဲလိုက်ပါ။ firefox နဲ့ဆိုရင်တစ်ခါတည်း install လုပ်သွားလိုက်ယုံပဲ။ IE နဲ့ဆိုရင် download ကျလာလိမ့်မယ်။ IE နဲ့ ဆွဲလို့ download ကျလာတယ်ဆိုရင် အဲဒီ file လေးကို right click >> Open with ဆိုပြီး fireforx နဲ့ဖွင့်လိုက်ပါ။ install လုပ်ဖို့ window လေးပွင့်လာလိမ့်မယ်။ ၃ စက္ကန့်လောက်စောင့် ပြီး install ဆိုတာကို click လိုက်ပါ။ ပြီးရင် firefox ကို restart လုပ်လိုက်ပါ။ ဒါဆိုရင် အောက် ညာဖက်ထောင့်မှာ "P" ပုံစံကို အ၀ိုင်းလေးနဲ့ ပေါ်လာလိမ့်မယ်။
လို့ပေါ်လာရင် အဲဒီ P လေးကို click လိုက်။ အဲဒီ ပိတ်နေတဲ့ site တန်းတက်လာလိမ့်မယ်။ အဲဒီလောက်ကိုလွယ်တာ။
အဲ.. ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ပိတ်မထားပဲ click လိုက်ရင်တော့ သူ့ homepage ကြီးတက်လာလိမ့်မယ်ဗျ။ အဆင်ပြေတာများပါတယ်။ အဆင်မပြေတာရှိခဲ့ရင်တော့ အဲဒီ P လေးကို right click လုပ် Option ကိုဖွင့်လိုက်။ အဲဒီက PhProxy က Acceptable servers ရဲ့အောက်က drop down လေးမှာ server တွေအများကြီးရှိသေးတယ်။ တစ်ခုကို ရွေး default server ကို click လုပ်။ အဲဒီလို server တွေကို ပြောင်းပြီးသုံးလို့ရသေးတယ်။ စမ်းကြည့်ကြပါအုံး။ ထပ်ပြီးအဆင်မပြေတာများရှိခဲ့ရင်လည်း mail ကတစ်ဆင့် မေးလို့ရပါတယ်။ ကျွန်တော်ထပ်စမ်းပြီး ပြန်ပြောပေးပါ့မယ်။
ဒီနေရာကလေ dodnload ဆွဲလိုက်ပါ။ firefox နဲ့ဆိုရင်တစ်ခါတည်း install လုပ်သွားလိုက်ယုံပဲ။ IE နဲ့ဆိုရင် download ကျလာလိမ့်မယ်။ IE နဲ့ ဆွဲလို့ download ကျလာတယ်ဆိုရင် အဲဒီ file လေးကို right click >> Open with ဆိုပြီး fireforx နဲ့ဖွင့်လိုက်ပါ။ install လုပ်ဖို့ window လေးပွင့်လာလိမ့်မယ်။ ၃ စက္ကန့်လောက်စောင့် ပြီး install ဆိုတာကို click လိုက်ပါ။ ပြီးရင် firefox ကို restart လုပ်လိုက်ပါ။ ဒါဆိုရင် အောက် ညာဖက်ထောင့်မှာ "P" ပုံစံကို အ၀ိုင်းလေးနဲ့ ပေါ်လာလိမ့်မယ်။
အဲ.. ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ပိတ်မထားပဲ click လိုက်ရင်တော့ သူ့ homepage ကြီးတက်လာလိမ့်မယ်ဗျ။ အဆင်ပြေတာများပါတယ်။ အဆင်မပြေတာရှိခဲ့ရင်တော့ အဲဒီ P လေးကို right click လုပ် Option ကိုဖွင့်လိုက်။ အဲဒီက PhProxy က Acceptable servers ရဲ့အောက်က drop down လေးမှာ server တွေအများကြီးရှိသေးတယ်။ တစ်ခုကို ရွေး default server ကို click လုပ်။ အဲဒီလို server တွေကို ပြောင်းပြီးသုံးလို့ရသေးတယ်။ စမ်းကြည့်ကြပါအုံး။ ထပ်ပြီးအဆင်မပြေတာများရှိခဲ့ရင်လည်း mail ကတစ်ဆင့် မေးလို့ရပါတယ်။ ကျွန်တော်ထပ်စမ်းပြီး ပြန်ပြောပေးပါ့မယ်။
စာပေအမျိုးအစား :
Internet ဆိုင်ရာ,
Proxy
တိုးတက်မှုအတွက် အကျိုးပြုမယ့် ကြော်ငြာများ
web ပေါ်မှာ OS တစ်ခုလိုအသုံးပြုနိုင်ပါပြီ။ ၽWeb OS တဲ့။ ထူးခြားတဲ့အရသာနဲ့ ခံစားမှုတွေကိုတွေ့ရမှာပါ။ mmeyes အဖွဲ့ကပြုလုပ်ထားတာပါ။ ဒီနေရာမှာ သွားကြည့်လို့ရပါပြီ။
html editor တဲ့။ html မတတ်ပဲနဲ့ ရေးလို့ရအောင် mmeyes ကလုပ်ပေးထားတာပါ။ မသိသေးဘူးဆိုရင် ဒီနေရာမှာ သွားကြည့်လိုက်ကြပါဦး။
html editor တဲ့။ html မတတ်ပဲနဲ့ ရေးလို့ရအောင် mmeyes ကလုပ်ပေးထားတာပါ။ မသိသေးဘူးဆိုရင် ဒီနေရာမှာ သွားကြည့်လိုက်ကြပါဦး။
စာပေအမျိုးအစား :
ကြော်ငြာ
အဖြူရောင်သံစဉ်ရေဒီယိုကို နားသောတဆင်၍ မရပါက မိမိတို့စက်ရှိ window media player ကိုဖွင့်ပြီး Tool >> Option >> Network tab ကိုသွားလိုက်ပါ။ အဲဒီမှာ Streaming proxy settings က HTTP ကို select လုပ်ပြီး configure ကို နှိပ်လိုက်ပါ။ ပေါ်လာတဲ့ Configure Protocol က Proxy setting မှာ မိမိ သုံးနေတဲ့ web browser က setting အတိုင်းထားပေးလိုက်ပါ။ အဖြူရောင်သံစဉ် ရေဒီယိုကို နားဆင်နိုင်ပါလိမ့်မယ်။
စာပေအမျိုးအစား :
Help
Thursday, July 17, 2008
IP address အခြေခံ
IP အကြောင်း လေးနည်းနည်းပြောကြရအောင်ဗျာ။ IP basic ကတော့ Network လုပ်တဲ့လူတိုင်းနီးပါး သိထားကြပြီးသားပါ။ ပြီးတော့ IP basic နဲ့ပတ်သက်တာတွေကိုလည်း တော်တော်များများ ရေးပြီးသားတွေရှိပါတယ်။ အဲဒါကြောင့် ဒီ post မှာ IP basic ကို အကျဉ်းလောက်ရှင်းပြပါ့မယ်။ နောက်ထပ်တင်မယ့် post အတွက် အဆက်အစပ် မရှိဖြစ်နေမှာစိုးလို့ပါ။ ပွားတာတွေများနေရင် ရှုပ်နေမှာစိုးလို့ လိုရင်း တိုရှင်းပဲပြောတော့မယ်ဗျာ။ short note ပုံစံမျိုးပေါ့။
IP တစ်ခုဟာ 32 bit ရှိတယ်။ decimal နေရာလေးခုခွဲထားတယ်တယ်ဗျာ။ တစ်ခုနဲ့တစ်ခုကြားကို dot (.) လေးနဲ့ခြားထားတယ်။ သိပ်မရှင်းရင် အောက်ကပုံစံပါ။
အဲဒီတော့ တစ်နေရာကို 8 bit ပေါ့။ (လေးနေရာကို 32 bit လေ) 8 bit ဆိုတော့ decimail တန်ဖိုး 256 ပေါ့။ သူက 0 (သုည)ကစတော့ 0 to 255 ပေါ့။ အဲဒီမှာ အသုံးပြုနိုင်တဲ့ address က 1 to 254 ပါ။ 0 နဲ့ 255 ကတော့ အရံလို့မှတ်ထားလိုက်။ 0 က Network address ၊ 255 က broadcast address လို့ခေါ်တယ်။ တစ်ဖြတ်ထားလိုက်။ သူ့ကိုမြင်သာအောင်ပြမယ်။ decimal နဲ့ဆိုရင်
အဲဒါကို dotted decimal လို့ခေါ်တယ်။ အဲဒီ dot(.) လေးတွေနဲ့ခွဲထားတဲ့ အကန့်လေးတွေကို octet လို့ခေါ်တယ်။ အဲဒီတော့ IP address တစ်ခုမှာ 4 octets ပါတယ်ပေါ့။ binary နဲ့ဆိုရင်
မြင်လားတော့မသိဘူးဗျာ။ တစ်နေရာကို 8 bit ရေးထားတာ။ သူ့ကိုတော့ binary လို့ပဲခေါ်တယ်။ ဒီနေရာမှာပဲ IP address ရဲ့ဖွဲ့စည်းပုံကို ရပ်ထားလိုက်မယ်။ ဒါကိုဘာလို့ပြောထားတာလဲဆိုတော့ နောက်ထပ်လာမယ့် post မှာ binary နဲ့ decimal နဲ့ အတွက်အချက်တွေလာတော့မှာမို့လို့ပါ။ ခုကျွန်တော်ရေးထားတဲ့ ဥပမာတွေက အများဆုံးအသုံးပြုနိုင်တဲ့အရေအတွက်တွေပါ။ decimal နဲ့ဆိုရင် တစ်နေရာကို 0 to 255 ၊ binary နဲ့ဆိုရင် 00000000 to 11111111 သုံးလို့ရတယ်။
ဒါတွေကတော့ အများသိပြီးဖြစ်ပေမယ့် ခုမှစပြီး Network လုပ်မယ့်သူတွေအတွက် မှတ်ထားလို့ရအောင်နဲ့နောက်ထပ် post အတွက် ဆက်စပ်လို့ရအောင်ပါ။ ဒါက IP class တွေပါ။
IP ကို အဲဒီလို class ငါးခုခွဲထားပါတယ်။
ဒါကတော့ Private Network Address တွေပေါ့။
IP တစ်ခုဟာ 32 bit ရှိတယ်။ decimal နေရာလေးခုခွဲထားတယ်တယ်ဗျာ။ တစ်ခုနဲ့တစ်ခုကြားကို dot (.) လေးနဲ့ခြားထားတယ်။ သိပ်မရှင်းရင် အောက်ကပုံစံပါ။
x . x . x . x
အဲဒီတော့ တစ်နေရာကို 8 bit ပေါ့။ (လေးနေရာကို 32 bit လေ) 8 bit ဆိုတော့ decimail တန်ဖိုး 256 ပေါ့။ သူက 0 (သုည)ကစတော့ 0 to 255 ပေါ့။ အဲဒီမှာ အသုံးပြုနိုင်တဲ့ address က 1 to 254 ပါ။ 0 နဲ့ 255 ကတော့ အရံလို့မှတ်ထားလိုက်။ 0 က Network address ၊ 255 က broadcast address လို့ခေါ်တယ်။ တစ်ဖြတ်ထားလိုက်။ သူ့ကိုမြင်သာအောင်ပြမယ်။ decimal နဲ့ဆိုရင်
255.255.255.255
အဲဒါကို dotted decimal လို့ခေါ်တယ်။ အဲဒီ dot(.) လေးတွေနဲ့ခွဲထားတဲ့ အကန့်လေးတွေကို octet လို့ခေါ်တယ်။ အဲဒီတော့ IP address တစ်ခုမှာ 4 octets ပါတယ်ပေါ့။ binary နဲ့ဆိုရင်
11111111.11111111.11111111.11111111
မြင်လားတော့မသိဘူးဗျာ။ တစ်နေရာကို 8 bit ရေးထားတာ။ သူ့ကိုတော့ binary လို့ပဲခေါ်တယ်။ ဒီနေရာမှာပဲ IP address ရဲ့ဖွဲ့စည်းပုံကို ရပ်ထားလိုက်မယ်။ ဒါကိုဘာလို့ပြောထားတာလဲဆိုတော့ နောက်ထပ်လာမယ့် post မှာ binary နဲ့ decimal နဲ့ အတွက်အချက်တွေလာတော့မှာမို့လို့ပါ။ ခုကျွန်တော်ရေးထားတဲ့ ဥပမာတွေက အများဆုံးအသုံးပြုနိုင်တဲ့အရေအတွက်တွေပါ။ decimal နဲ့ဆိုရင် တစ်နေရာကို 0 to 255 ၊ binary နဲ့ဆိုရင် 00000000 to 11111111 သုံးလို့ရတယ်။
ဒါတွေကတော့ အများသိပြီးဖြစ်ပေမယ့် ခုမှစပြီး Network လုပ်မယ့်သူတွေအတွက် မှတ်ထားလို့ရအောင်နဲ့နောက်ထပ် post အတွက် ဆက်စပ်လို့ရအောင်ပါ။ ဒါက IP class တွေပါ။

ဒါကတော့ Private Network Address တွေပေါ့။
127.0.0.1 (Local loopback Address)
10.0.0.0 (Class A)
172.16.0.0 (Class B)
192.168.0.0 (Class C)
အကျယ်ကိုမရှင်းတော့ဘူးဗျာ။ အတော်များများရေးပြီးသားဖြစ်နေလို့။ အသေးစိတ်သိချင်ရင် ကိုဘလူးဖီးနစ်ရဲ့ Engineer4Myanmar က TCP/IP အကြောင်းမှာသွားလေ့လာလိုက်ပါ။ နောက်ထပ် post မှာ subnet mask အကြောင်းကို ရှင်းပေးပါ့မယ်။10.0.0.0 (Class A)
172.16.0.0 (Class B)
192.168.0.0 (Class C)
စာပေအမျိုးအစား :
Networking ဆိုင်ရာ
Saturday, July 12, 2008
Gtalk တွင် ဘာသာပြန်စနစ် ထည့်သွင်းနည်း
ဒီ post လေးကတော့ လူတိုင်းအတွက် အရမ်းအကျိုးရှိမယ်ထင်လို့ IT Men's Blog ကလေကူးယူဖော်ပြလိုက်တာပါ။ ဒီ blog ကို အသိတစ်ယောက်ပြောလို့ ခုမှသိရတာပါ။ နည်းပညာနဲ့ပတ်သက်ရင် ဖတ်သင့်တဲ့ blog တစ်ခုပါ။ အခုဆိုရင် Gtalk မှာ ဘာသာပြန်စနစ် ပါရှိလာပါပြီ။ ကျွန်တော်တို့ ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ်ပါ။Gtalk မှာ အဲဒီလိုရနိုင်ဖို့ Translation Bots တွေ လိုအပ်ပါတယ်။ Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။ ဘယ်လိုလဲဆိုတော့ [from language]2[to language]@bot.talk.google.com ဆိုတဲ့ ပုံစံမျိုးဖြစ်ပြီး ရနိုင်တဲ့ bots တွေရဲ့ အမည်ကို အောက်မှာ ပြပေးထားပါတယ်။
Bots တွေကို အသုံးချနည်းကတော့ Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်ကနေ စပိန်ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ ပြီးရင် အဲဒီ bots ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး ပြောလိုက်ပါ။ သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။ ဥပမာ- en2es bots နဲ့ဆိုရင် ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello ကို စပိန်လို Hola လို့ ပြန်ပြောပါလိမ့်မယ်။
အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။
Arabic – English ar2en en2ar
Bulgarian - English bg2en en2bg
Czech - English cs2en en2cs
Danish - English da2en en2da
German - English de2en en2de
German - French de2fr fr2de
Greek - English el2en en2el
Spanish - English es2en en2es
Finnish - English fi2en en2fi
French - English fr2en en2fr
Hindi - English hi2en en2hi
Croatian - English hr2en en2hr
Italian - English it2en en2it
Japanese - English ja2en en2ja
Korean - English ko2en en2ko
Dutch - English nl2en en2nl
Norwegian - English no2en en2no
Polish - English pl2en en2pl
Portuguese - English pt2en en2pt
Romanian - English ro2en en2ro
Russian - English ru2en en2ru
Swedish - English sv2en en2sv
Chinese - English zh2en en2zh
Traditional Chinese -Englishzh hant2en en2zh-hant
Traditional Chinese -Chinese hant2zh zh2zh-hant
Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပါ။

Internet ဆိုင်ရာ
Wednesday, July 2, 2008
Block site များကို အလွယ်ဆုံးဖြတ်ကျော်ခြင်း(၁)
ကျွန်တော့်ရဲ့ တွေ့ရှိချက်လေးကို ပြောပြလို၍ ဤ post လေးကိုရေးသားရခြင်းဖြစ်ပါတယ်။ ရှေ့မှာလည်းInternet ကို လွယ်ကူစွာဖြတ်ကျော်ခြင်း ဆိုတဲ့ post လေးတစ်ခု ရေးပြီးသွားပါပြီ။ ဒီတစ်ခါမှာလည်း စမ်းသပ်ရင်းတွေ့ရှိထားသောကြောင့် စာဖတ်သူတွေသိစေရန် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် တစ်ချို့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ site တွေကို ဖွင့်ရင်
လို့ပေါ်ပြီးဖွင့်မရတတ်ကြပါဘူး။ အရင်ကတော့ ကျွန်တော် တို့က freedom နဲ့ကျော်ပြီးကြည့်ကြပါတယ်။ ခုတလော freedom server တွေကလည်း ကောင်းကောင်းအလုပ်မလုပ်ကြတော့ဘူး။ freedom သုံးရင် စက်ကလည်း လေးသွားတယ် အဲဒါကြောင့် freedom မသုံးဘဲ ဒီအတိုင်းဝင်ရင်းနဲ့တွေ့သွားတာပါ။ ဒီနည်းက အရမ်းရိုးစင်ပြီး အလွယ်ကူဆုံးနည်းလေးလည်းဖြစ်ပါတယ်။ စမ်းသပ်ကြည့်ကြပါ။ ကျွန်တော်တို့လို မြန်မာနိုင်ငံမှာ Internet သုံးတဲ့သူတွေအတွက် အရမ်း အသုံးဝင်မှာပါ။ ဒီအကြောင်းမပြောခင် ကျွန်တော်သုံးတဲ့ web browser
ကိုအရင်ပြောပါ့မယ်။ ကျွန်တော်သုံးနေတဲ့ web browser က firefox 3.0 RC 2 ပါ။ ကျန်တဲ့ browser တွေပေါ်မှာတော့ မစမ်းရသေးပါဘူး။ လုပ်ပုံကလွယ်လွယ်လေးပါ။ site တစ်ခုကို ဖွင့်လိုက်လို့ စောစောကလို This site is blocked by MPT လို့ ပေါ်နေရင် browser က refresh button လေးကို နှိပ်ပြီး refresh လုပ်ပေးလိုက်ရုံပါ။ browser ရဲ့ဘယ်ဘက် အောက်ဆုံးမှာ Waiting for site name.com......
လို့ပေါ်ရင် စောင့်နေလိုက်ပါ။ အဲဒီ site ပွင့်လာပါလိမ့်မယ်။ Done လို့ပေါ်ရင်တော့ ထပ်လုပ်ပါအုံး။ တစ်ခါမရ နှစ်ခါပေါ့။ တစ်ချို့ site တွေက တစ်ခါလောက်နဲ့ရပေမယ့် တစ်ချို့ကတော့ အကြိမ် (၂၀) လောက် refresh လုပ်မှရတာမျိုးလည်းရှိပါတယ်။ ကျွန်တော်လုပ်သရွေ့တော့ အားလုံးရပါတယ်။ မရခဲ့ရင်လည်း စာရေးသူအနေနဲ့ တာဝန်ယူမည် မဟုတ်ပါကြောင်း။
ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် တစ်ချို့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ site တွေကို ဖွင့်ရင်
ကိုအရင်ပြောပါ့မယ်။ ကျွန်တော်သုံးနေတဲ့ web browser က firefox 3.0 RC 2 ပါ။ ကျန်တဲ့ browser တွေပေါ်မှာတော့ မစမ်းရသေးပါဘူး။ လုပ်ပုံကလွယ်လွယ်လေးပါ။ site တစ်ခုကို ဖွင့်လိုက်လို့ စောစောကလို This site is blocked by MPT လို့ ပေါ်နေရင် browser က refresh button လေးကို နှိပ်ပြီး refresh လုပ်ပေးလိုက်ရုံပါ။ browser ရဲ့ဘယ်ဘက် အောက်ဆုံးမှာ Waiting for site name.com......
စာပေအမျိုးအစား :
Internet ဆိုင်ရာ,
Proxy
Subscribe to:
Posts (Atom)