Sunday, June 29, 2008

Computer ကို ပိုမိုမြန်ဆန်လာအောင် ပြုလုပ်နည်း(၂)

ကွန်ပျူတာကို အမြန်နှုန်းမြှင့်ချင်သူတွေအတွက် ဒုတိယပိုင်းလေးပါ။ ဒီနည်းတွေက တစ်ခုထည်းလုပ်ရင်တော့ သိသာမှာမဟုတ်ဘူးနော်။ ကျွန်တော့်အနေနဲ့ဖိတ်ခေါ်ချင်တာတစ်ခုရှိပါတယ်။ အဲဒါက ဒီ blog ကို ကျွန်တော်တစ်ယောက်တည်း သိထားတာတွေကို ရေးနေရတဲ့အတွက် အချို့နေရာတွေမှာ ပြည့်စုံမှုမရှိနိုင်ပါဘူး။ ဒါကြောင့်မှားနေတာရှိရင်လည်း ပြင်ပေးကြပါ။ နောက်တစ်ခုက သိထားတာလေးတွေရှိလို့ မသိတဲ့သူတွေကို ပြန်ပြီး မျှဝေပေးချင်တယ် ဆိုရင် ကျွန်တော့်ဆီကို email နဲ့ပို့ပေးလို့ရပါတယ်။ ကျွန်ပျူတာကို ပိုမြန်လာအောင်လုပ်တဲ့နည်းလေးတွေကိုဆက်လိုက်ရအောင်ဗျာ။

၁။ File Indexing ကို disable ပါ။

Control Panel >> Add> >Remove Windows Components ကိုသွားပြီး Indexing Service ရဲ့ရှေ့က chack ကို ဖြုတ်လိုက်ပါ။ အဲဒီလိုလုပ်ပြီး file တွေကို ရှာရတာပိုမြန်ပါတယ်။ Memory လည်းမစားတော့ဘူး။ file တွေကို ခဏခဏ search မလုပ်ဘူးဆိုရင်တော့ ဒီလိုလုပ်ဖို့မလိုပါဘူး။

၂။ Priorities တွေကို Reset လုပ်ပါ။
ဒါကတော့ program တွေကို run ရတာပိုမြန်ချင်ရင်လုပ်တာပါ။ Tesk Manager ကိုဖွင့်ပါ။ ပေါ်လာရင် process tab ကိုနှိပ်ပါ။ Process ထဲက ကိုယ် အမြန်နှုန်းမြှင့်ချင်တဲ့ Program ပေါ်မှာ right click လုပ်ပြီး priority ကို high လုပ်လိုက်ရင် အဲဒီ program ကို အမြန်နှုန်းမြှင့်ပြီးသားဖြစ်သွားမယ်။

၃။ မျက်စိပသာဒ ကို လျှော့ချပါ။
Control Panel>>System ကိုဖွင့်ပါ။ ပွင့်ပြီဆိုရင် Advance tab ကိုသွားပြီး Performance ရဲ့ setting ကိုဖွင့်ပါ။ အဲဒီက Visual Effects tab မှာ Adjust for best performance ကိုရွေးလိုက်ပါ။ Apply လုပ်ရလို့ပြီ။ ဒါပေမယ့် မလုပ်နဲ့ဦး။ တော်ကြာ classic view ဖြစ်သွားရင် ကျွန်တော့်ကိုစိတ်ဆိုးနေမှာစိုးလို့။ အဲလိုလုပ်လိုက်ရင် အောက်က box ထဲမှာရှိတဲ့ check တွေအားလုံးပြုတ်သွားလိမ့်မယ်။ အဲဒါဆိုရင် window က classic view ဖြစ်သွားရော။ မဖြစ်အောင် အောက်ဆုံးက Use visual styles on windows and buttons သူ့အပေါ်တစ်ခုကျော်က Use common tasks in folders အဲဒီနှစ်ခုကို check လုပ်ထားလိုက်ပါ။ ပြီးရင်တော့ Apply လုပ်လို့ရပါပြီ။ ဒါဆိုရင် window ကို အရင်အတိုင်းပြန်မြင်ရမယ်။

၎။ Hibernation မလုပ်ပါနဲ့။
တော်တော် များများ ကတော့ မလုပ်ကြပါဘူး။ လုပ်ထားတယ်ဆိုရင်လည်း Control>>Power Option>>Hibernate ကိုသွားပြီး Enable Hibernation ကို Unchack လုပ်လိုက်ပေါ့။

၅။ Hard Disk ကိုရှင်းလင်းထားပါ။
Start>>Program>>Accessories>>System Tool အောက်မှာ Disk Cleanup ဆိုတာရှိတယ်။ အဲဒါကိုဖွင့်ပြီး Clean လုပ်လိုက်ပါ။ လုပ်နည်းကတော့ လူတိုင်းသိနေတဲ့အတွက် မပြောတော့ဘူး။

ဒါကတော့ အပိုင်း(၂) ပေါ့။ ဒီအပိုင်း (၁) နဲ့ (၂) နှစ်ခု လောက်နဲ့တင် ကွန်ပျူတာ ကသိသိ သာသာ အရင်ကထက်ပိုပြီး မြန်လာမှာပါ။ နောက်ထပ်လည်းထပ်ပြီးတင်ပေးပါဦးမယ်။ လာရောက် အားပေးကြတဲ့ စာဖတ်သူတွေနဲ့ အကြံပေးမှုတွေကို ၀မ်းမြောက်ဝမ်းသာကြိုဆိုလျှက်ပါ။

ဆက်ဖတ်ချင်ရင်...

Thursday, June 26, 2008

Computer ကို ပိုမိုမြန်ဆန်လာအောင်ပြုလုပ်နည်း(၁)

ကျွန်တော့်ရဲ့ နည်းပညာမှတ်စု ဘလော့ကို ပိတ်ထားတာ(၁၀) ရက်ရှိပါပြီ။ ပိတ်တုန်းက ဘလော့ကို ပြင်မယ်ဆိုပြီးပိတ်ထားတာ။ ဘလော့ပိတ်ပြီးကတည်းက ကျွန်တော်လည်းနေမကောင်း ဖြစ်နေတာ ခုမှပဲကောင်းတော့တယ်။ ဘလော့ကိုလာအားပေးကြတဲ့သူတွေကိုလည်းအားနာပါတယ်။ ဒါကြောင့်ဒိနေ့ဘဲ ဘလော့ကိုပြန်ဖွင့်ပေးလိုက်ပါပြီ။ ဘလော့ကိုတော့ နောက်မှပဲဖြည်းဖြည်းချင်းပြင်တော့မယ်။ ဒီနေ့ ဘလော့ ပြန်အဖွင့်မှာ ကွန်ပျူတာကို နှေးနေတယ်၊ လေးနေတယ်ထင်ရင် မြန်လာအောင်လုပ်လို့ရတဲ့နည်းလေးတွေကို သိသလောက်ပြောပြပါ့မယ်။
ဒီ Post မှာတော့ Registry ကလေ လုပ်လို့ရတဲ့နည်းတွေကို ပြောပြမယ်။ နောက်နေ့မှာပဲ ကျန်တာတွေကို ဆက်ပြောတော့မယ်။ အချိန်ကလဲသိပ်မရလို့ပါ။ ကဲကွန်ပျူတာတစ်လုံးကို ပိုမိုမြန်ဆန်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာစကြရအောင်။ အရင်ဆုံးလုပ်ရမှာကတော့ Registy ကလုပ်မှာဖြစ်တဲ့အတွက် Start ကလေ Run ကိုဖွင့်လိုက်ပါ။ ပြီးရင် regedit လို့ရိုက်ပြီး Enter ခေါက်ပါ။ Registy Editor ပေါ်လာပါလိမ့်မယ်။ Registy Editor မှာအောက်က ပြောတဲ့အတိုင်းလေးလိုက်လုပ်လိုက်ပါ။

၁။ Memory performance ပိုမိုကောင်းမွန်အောင်လုပ်ခြင်း။
ဒါကတော့ memory ထဲမှာ မှတ်ထားတဲ့ အချက်အလက်တွေကို hard disk မှာ file တွေကို သပ်သပ်ရပ်ရပ် စီစီရီရီ သိမ်းထားသလို မျိုးဖြစ်အောင်လုပ်ခြင်းပါဘဲ။ ဒီလိုလုပ်ဖို့အတွက်
HKEY LOCAL MACHINE/SYSTEM/Current Control Set/Control/Session Manager/Memory Management
ထိရောက်အောင် tree တွေကို ဖွင့်ပြီး အဆင့်ဆင့်သွားလိုက်ပါ။ ရောက်ရင် Memory Management ကို select လုပ်ထားပါ။ ပြီးရင်ညာဘက်မှာရှိတဲ့အထဲက Disable Paging Executive ကို double click နဲ့ဖွင့်ပြီး Decimal Value ကို 1 ပြောင်းလိုက်ပါ။ နောက်ထပ် Large System Cache ကိုလည်း Double click နဲ့ဖွင့်ပြီး Decimal Value ကို 1 ပြောင်းလိုက်ပါ။ ဒါဆိုရင် OS က memory ကို အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးပါလိမ့်မယ်။

၂။ Add/Remove program ထဲမှာပါတဲ့ Entry တွေကိုရှင်းထုတ်ခြင်း
HKEY_LOCAL_MACHINE/SOFTWARE/Microsoft/Windows/Current Version/Uninstall ထိသွားပါ။ Uninstall ကို ဖွင့်ပြီးအောက်မှာရှိတဲ့အထဲက မလိုတော့တဲ့ Program တွေကို delete လုပ်လိုက်ပါ။

၃။ Start Menu ကို မြန်ဆန်လာအောင်လုပ်ခြင်း
Start Menu ကို default အတိုင်းထားရင် အနည်းငယ်နှေးနေတတ်ပါတယ်။ သူ့ကို Level အမျိုးမျိုးပြောင်းပေးလို့ရတယ်။ ဒီအတိုင်းသွားလိုက်ပါ။
HKEY_CURRENTUSER/Control Panel/Desktop
ပြီးရင် Desktop ကို select လုပ်ထားပြီး ညာလက်က Menu Show Delay ကို double click လုပ်ပြီး Value data ကို "0" (သုည) ပြောင်းလိုက်ပါ။ effect ဖြစ်ဖို့အတွက် ကွန်ပျူတာကို Restart ပေးဖို့တော့ လိုပါတယ်။

ကွန်ပျူတာကို မြန်အောင်လုပ်တဲ့နည်းတွေထဲမှာ Registy ကလေလုပ်တဲ့နည်းကတော့ ကျွန်တော်သိသရွေ့အကုန်ပါဘဲ။ ထပ်တွေ့ရင်လည်း တင်ပေးပါ့မယ်။နောက်ထပ်လုပ်လို့ရမယ့်နည်းတွေ ရှိအုံးမှာပါ။ တစ်ခြားနည်းနဲ့မြန်အောင်လုပ်လို့ရတာတွေကတော့ အများကြီးရှိပါသေးတယ်။ ကျွန်တော် ဖြေဖြေးချင်းတင်ပေးပါ့မယ်။

ဆက်ဖတ်ချင်ရင်...

Wednesday, June 11, 2008

Registry Editor ဖော်လို့မရရင်

စာဖတ်သူများအတွက် ရေးချင်လွန်းအားကြီးလို့ အရမ်းကြီးရေးလိုက်တာ တစ်ခုကျန်သွားတယ်။ sorry နော်။ ကျွန်တော်က Task Manager တို့ Search တို့ Folder Option တို့ ပျောက်နေရင်ဖော်လို့ရတာတွေဘဲရေးနေတာ။ အဲဒီဟာတွေအားလုံးက Registry Editor ကပဲသွားပြီးပြင်ရတာလေ။ virus ဆိုတဲ့ကောင်တွေကလဲ ဆိုးမှဆိုး။ အဲဒီလိုပြင်လို့မရအောင် Registry Editor ကိုသွားပြီးတော့ ပိတ်ထားကြသေးတယ်လေ။ အဲဒီတော့ Registry Editor ကိုပိတ်ထားရင် ပြန်ဖွင့်တဲ့နည်းလည်း ထပ်ပြီးပြောရအုံးမှာပေါ့။
ဒါကလည်းလွယ်ပါတယ် ဒီအတိုင်းလုပ်လိုက်ပေါ့-
ထုံးစံအတိုင်း Run ကိုဖွင့်၊ အဲဒီမှာ gpedit.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Group Policy ဆိုတဲ့ window ပွင့်လာလိမ့်မယ်။ ဘယ်ဘက်က tree မှာ User Configuration\Adminstrative Templates\System ထိဖွင့်လိုက်ပါ။ System ကို select လုပ်ထားပါ။ ကျော်သွားရင် ရွာလည်နေမှာစိုးလို့။ System ကို select လုပ်ပြီးရင်ညာဘက်က Prevent Access To Registry Editing Tools ဆိုတာကို double click လုပ်ပြီးဖွင့်လိုက်။ သူ့ရဲ့ properties မှာ Not Configured ကို select လုပ်ပြီး OK ပေးလိုက်ပါ။ ဒါဆိုရင် Registry ကို ဖွင့်လို့ရပါပြီ။

ဆက်ဖတ်ချင်ရင်...

Search/Folder Option ပျောက်နေရင်

တစ်ခါတစ်ရံ file တစ်ခုခုကိုရှာတော့မယ်လုပ်တော့မှ Search ကိုဖွင့်လို့မရတာကိုသတိထားမိတတ်ကြပါတယ်။ search တို့ folder option တို့ Task manger တို့ဆိုတာ virus ကြောင့်ပဲပျောက်နေကြတာပါ။ ရှာရှည်နေရင်ကြာမှာစိုးလို့ လိုရင်းကိုပဲ ပြောတော့မယ်။ Search နဲ့ Folder Option ပျောက်နေတာ ကိုဖေါ်ချင်ရင်-
-Start >> Run ကိုဖွင့်ပါ။ (win+R)
-regedit လို့ရိုက်ထည့်ပြီး OK/ Enter လုပ်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။
အဲဒီကလေ-
HKEY_Current_User\Software\Microsoft\Windows\CurrentVersion\Politicies\Explorer
အဲဒီအတိုင်း tree တွေကိုဖြေသွားပြီး နောက်ဆုံးက Explorer ကို select လုပ်ထားပါ။
ညာဘက်က NoFind and NoFolder Options နှစ်ခုရဲ့ data မှာကြည့်လိုက်ပါ။ 0x00000000(1) တွေဖြစ်နေပါလိမ့်မယ်။
အဲဒီ Nofine and NoFolder Options ကို Double Click လုပ်ပါ။
Edit DWORD Value dialog box ပေါ်လာပါလိမ့်မယ်။ အဲဒိက Value Data နေရာက 1 ကို 0 ပြင်လိုက်ပါ။
ပြီးရင် OK ကိုနှိပ်ပါ။ ကွန်ပျူတာကို restart လုပ်ပါ။ Window ပြန်တက်လာတာနဲ့ အားလုံးကောင်းသွားမှာပါ။

ဆက်ဖတ်ချင်ရင်...

Tuesday, June 10, 2008

Task Manager ပျောက်နေရင်

ဒီ post ကတော့ ခုအချိန်မှာ လူအတော်များများသိနေလောက်ပါပြီ။ ဒါပေမယ့် အချို့ ကွန်ပျူတာကို use to ဖြစ်နေပေမယ့် မကြုံဖူးသေးလို့ မလုပ်တတ်ကြတာတွေရှိပါတယ်။ ပြီးတော့ registry ကိုတော်ရုံမကိုင်တတ်ကြပါဘူး။ ဒါကြောင့်ဒီ post လေးကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

Task Manger ကို virus တွေကသာ disable ဖြစ်အောင်လုပ်လေ့ရှိပါတယ်။ virus မရှိတော့ ဘူးဆိုရင်တောင်မှ Tesk Manager က ပြန်မပေါ်တာရှိတတ်ပါတယ်။ အဓိကပြောချင်တာကတော့ Text Manager ပျောက်နေရင် ပြန်ဖွင့်လို့ရအောင်လုပ်ဖို့ပါ။
နှစ်နေရာလုပ်ရပါတယ်။ လုပ်ပြီဆိုရင်နည်းနည်း တော့မျက်စိရှုပ်တယ်။ tree တွေများနေလို့ပါ။ အရမ်းလည်းလွယ်ပါတယ်။ မသိရင်သာ ခက်နေတာပါ။
-Start >> Run ကိုဖွင့်ပါ။ (win+R)
-regedit လို့ရိုက်ထည့်ပြီး OK/ Enter လုပ်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။
-ပေါ်လာတဲ့ Registry Editor မှာ အောက်ပါ tree တိုင်းသွားပါ။
HKEY_LOCAL_MACHINE\Software\ Microsoft\ Windows\ Current Version\ Policies\ System ထိ ရောက်အောင်အဆင့်ဆင့် ဖွင့်သွားပါ။ နောက်ဆုံးရောက်နေတယ့် System ကို select လုပ်လိုက်ပြီး ညာဘက်ခြမ်း က window ထဲမှာ disable TaskMgr (key) ကိုရှာပါ။ တွေ့ရင် right click လုပပြီး delete လုပ်လိုက်ပါ။
ဒုတိယလုပ်ရမှာက
HKEY_CURRENT_USER\ Software\ Microsoft\ Windiws\ Current Version\ Policies\ System ကိုသွားပါ။ အထက်ကအတိုင်း disable TaskMgr (key) ကိုရှာပြီး delete လုပ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာကို restart လုပ်လိုက်ပါ။ Task Manager ကိုဖွင့်ကြည့်ပါ။ ကောင်းသွားပါလိမ့်မယ်။
ဝါသနာပါရင်လုပ်ကြည့်ဖို့ပါ။ အလွယ်တစ်ကူပြန်ကောင်းအောင်လုပ်လို့ရတယ့်နည်း ရှိပါတယ်။ ဒီ Software လေးကို run လိုက်ပါ။ ကောင်းသွားလိမ့်မယ်။ ရှာရှည်ပြီး ဆရာကြီးလုပ်ထားတာ။ :P

ဆက်ဖတ်ချင်ရင်...

Thursday, June 5, 2008

အင်တာနက်ကို လွယ်ကူစွာဖြတ်ကျော်နည်း

ယခုအချိန်မှာ အင်တာနက်ကို အဆင်ပြေပြေ၊ လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ခွအသုံးပြုနိုင်ဖို့အတွက် ကျွန်တော်အားလုံးကို Software တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဆော့ဝဲလ်အကြောင်းမပြောခင် ထုံးစံအတိုင်း intro လေးဝင်လိုက်ဦးမယ်နော် ….
အင်တာနက်အသုံးပြုသူတွေဟာ ပိတ်ထားတဲ့ ၀က်ဆိုဒ်တွေ၊ အင်တာနက်ဝန်ဆောင်မှုတွေကို ကျော်လွှားအသုံးပြုကြတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ အဲ့ဒီထဲမှာမှ web proxy နေတစ်ဆင့် အသုံးပြုတာနဲ့ bypassing application (ဥပမာ - Your Freedom) တွေအသုံးပြုတာက ပိုပြီးများတယ်။ အဲ့ဒီနှစ်မျိုးလုံးမှာ သူ့အားနည်းချက်နဲ့ သူရှိပါတယ်။ အင်တာနက်ပေါ်မှာလည်း သိန်းနဲ့ချီတဲ့ web proxy တွေရှိပါတယ်။ တစ်ချို့လူသုံးများတဲ့ Site တွေကိုလည်း မြန်မာနိုင်ငံမှာအသုံးပြုခွင့်ပိတ်ထားပါတယ်။ အဲ့ဒီ web proxy တွေရဲ့အားနည်းချက်ကတော့ web page surfing အတွက်သာအသုံးပြုနိုင်ခြင်း၊ Messenger ကဲ့သို့ application များအသုံးမပြုနိုင်ခြင်း၊ ကြော်ငြာများပြားခြင်း၊ တစ်ချို့ဆိုဒ်များတွင် virus များတောင်ရှိတတ်ပါတယ်။ ဒါကြောင့်အဲ့ဒီ web proxy တွေ အသုံးပြုရင် သေချာစီစစ်ပြီးမှ အသုံးပြုသင့်ပါတယ်။ bypassing application မှာတော့ အခု Your Freedom ကိုအသုံးပြုတာများပါတယ်။ လူတိုင်းနည်းပါးလည်းသိပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ memory ကို အသုံးများခြင်း၊ Account ပြုလုပ်ရခြင်း (တတ်နိုင်ပါက ၄င်းဝန်ဆောင်မှုအား ၀ယ်ယူအသုံးပြုနိုင်ပါတယ်)၊ Your Freedom ကပေးတဲ့ Free Account မှာ Bandwidth နဲ့ Connection Stream များ ကန့်သတ်ထားခြင်း၊ မူရင်း Software File Size (27 MB) ကြီးခြင်းကြောင့် Download ပြုလုပ်ရတာ အခက်အခဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့တတွေဟာ အသုံးပြုရအဆင်ပြေမယ့် နည်းလမ်းများကို အစဉ်သဖြင့်ရှာဖွေစမ်းသပ်ခဲ့ပါတယ်။ အခုတော့ အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ့် Software တစ်ခုကို တွေ့ရှိထားပါတယ်။ အလွန်ကောင်းမွန်တဲ့ Freeware တစ်ခုပါ။ အဲ့ဒါကိုအသုံးပြုဖို့အတွက် ဘာအဖိုးအခမှ ကုန်ကျမှာမဟုတ်ပါဘူး။ ပြီးတော့ Connection Speed ဟာလည်း အလွန်လျင်မြန်ကောင်းမွန်လှပါတယ်။ Firefox, IE, Safari စတဲ့ Web Browser တွေနဲ့အလုပ်လုပ်သလို၊ Messenger တွေနဲ့လည်း အလုပ်လုပ်ပါတယ်။ နောက်ပြီး အရမ်းကောင်းတဲ့အချက်ကတော့ အဲ့ဒီ software ဟာ Portable or Micro Application ဖြစ်နေတာပါပဲ။ အားလုံးသိကျတဲ့အတိုင်း Portable or Micro Application တွေဟာ ကွန်ပျူတာပေါ်မှာ Install လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။ ပြီးတော့ နောက်တစ်ခုကို ကျွန်တော်ပြောလိုက်ရင် အံ့သြသွားလိမ့်မယ်။ အဲ့ဒါဘာလဲဆိုတော့ အဲ့ဒီ Application ရဲ့ File Size ဟာ 105 Kb သာရှိပါတယ်။ ဒါကြောင့် အဲ့ဒီ Application ကို သွားလေရာဆောင်ထားပြီး အသုံးပြုနိုင်ပါတယ်။ ဥပမာ Cyper Cafe လိုနေရာမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီ Software ရဲ့နာမည်ကတော့ Ultra Surf ပဲဖြစ်ပါတယ်။ Wujie ဆိုတဲ့အဖွဲ့အစည်းက တီထွင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ်ချနိုင်ပါတယ်။ http://www.wujie.net/downloads/ultrasurf/u.zipor http://www.mediafire.com/?fb2f92kimmb ဒါကတော့ သူ့ရဲ့ Manual လေးပါ http://www.wujie.net/userguide.htm
ကျွန်တော်အခု Ultra Surf အသုံးပြုပုံအကြောင်းကို အသေးစိတ်တင်ပြပါ့မယ်။ Ultra Surf ကို Download ချပြီးသွားရင် ကိုယ့်စက်ထဲမှာ (Unzip) ဖြေလိုက်ပါ။ အဲ့ဒီထဲမှာ u.exe (ultrasurf) ဆိုတဲ့ exe ဖိုင်လေးတစ်ခုပါပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ အဲ့ဒီဖိုင်လေးကို ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်။
စဖွင့်လိုက်တာနဲ့ Ultrasurf က proxy server နဲ့စတင်ချိတ်ဆက်မှုပြုလုပ်နေပါမယ်။ ပုံအောက်နားက အနီရောင်လေးထောင့်နဲ့ဝိုင်းပြထားပါတယ်။ ပထမဦးဆုံး Ultra Surf ကိုအသုံးပြုဖို့အတွက် Options တွေကို သတ်မှတ်ပေးရပါမယ်။ Option ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။ အောက်မြင်ကွင်းအတိုင်းမြင်ရမှာဖြစ်ပါတယ်။


Delete History ကိုတွေ့ရမှာပါ။ အဲ့ဒါတွေက ကိုယ်အသုံးပြုပြီးသွားတဲ့အခါ ကိုယ့်ရဲ့လျို့ဝှက်အချက်အလက်တွေ၊ အသုံးပြုမှုမှတ်တမ်းတွေကို ရှင်းလင်းပစ်ဖို့ဖြစ်ပါတယ်။ သူတို့အောက်မှာ check box option ခြောက်ခုကိုတွေ့ရမှာပါ။ ပထမတစ်ခုက Start IE automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ကို automatically ဖွင့်မယ့် option ပါ။ ဒုတိယတစ်ခုက Set IE proxy automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ရဲ့ proxy setting ကို အလျိုအလျောက်သတ်မှတ်ထည့်သွင်းပေးဖို့ပါ (Firefox အတွက်ကတော့ ကိုယ်တိုင်လုပ်ဆောင်ရပါမယ်။ အောက်မှာ အသေးစိတ်ဖော်ပြပေးမှာပါ) ။ ဒါကို Check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ IE နဲ့ တစ်ခါတည်းအသုံးပြုနိုင်ပါတယ်။ proxy setting တွေထည့်ပေးစရာမလိုပါဘူး။ နောက်နှစ်ခုက Delete Cookie/History automatically when program exit ကို check လုပ်ထားရင် Ultrasurf ကိုပိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ privacy data တွေကို ဖျက်ပေးသွားမှာပါ။ နောက်တစ်ခုက Close IE automatically when program exit ကတော့ Ultrasurf ကို ပိတ်လိုက်ရင် IE ကိုပါအလိုအလျောက်ပိတ်သွားစေမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုက Hide Golden Lock (take effect on next start) ကတော့ Ultrasurf ကိုဖွင့်လိုကရင် PC window ရဲ့ ညာဘက်အောက်မှာ ရွှေရောင်သေ့လေးပေါ်နေမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။


အဲ့ဒီသော့လေးမပေါ်ချင်ရင် အဲ့ဒါကို Check လုပ်ရပါမယ်။ ဒါပေမယ့် ချက်ခြင်းတော့မပျောက်ဘူး နောက်တစ်ခါ ဖွင့်မှာပျောက်မှာပါ။ Option ကတော့ ဒါပါပဲ။ အခုနောက်ဆုံးအနေနဲ့ Proxy Setting အတွက်တင်ပြပေးမှာဖြစ်ပါတယ်။ Proxy Settings Button လေးကို နှိပ်လိုက်ရင် အောက်ပါအတိုင်းမြင်ရမှာပါ။


အောက်ဆုံးမှာ skip this dialog box in next start ဆိုတဲ့ check box ရှိပါတယ်။ အဲ့ဒါကို check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ Proxy settings တန်းတက်လာမှာဖြစ်ပါတယ်။ မရွေးထားရင်တော့ မတက်ဘူးပေါ့။ Proxy setting မှာ အပြာနဲ့ဝိုင်းထားတဲ့အပိုင်း (Auto detect proxy)နဲ့ အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy Setting) ဆိုပြီးနှစ်ပိုင်းရှိပါတယ်။ အပြာနဲ့ဝိုင်းထားတဲ့အပိုင်းကတော့ proxy setting ကို သူ့အလိုအလျောက်ရှာဖွေသွားမှာဖြစ်ပါတယ်။ အရင်ဆုံးအဲ့ဒီ setting နဲ့စမ်းသပ်ကြည့်ပါ။ Ultrasurf က သူရဲ့ proxy server ကို ဆက်သွယ်နိုင်ပြီဆိုရင် အောက်ပါအတိုင်းမြင်ရမှာပါ။


အကယ်၍ contacting fail ဖြစ်နေတယ်။ ဆက်သွယ်လို့မရဘူးဆိုရင် အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy setting) ကို အသုံးပြုရပါမယ်။ အဲ့ဒီလိုအသုံးပြုရာမှာ မိမိရဲ့ ISP ဒါမှမဟုတ် Proxy Server ပေါ်မှာ မူတည်ပြီး ပြောင်းလဲအသုံးပြုရမှာပါ။ ဥပမာ ပုဂံ(မြန်မာတယ်လီပို့) အတွက်ဆိုရင် proxy server က 20.381.71.237/4/8 port : 8080 ကိုထည့်သွင်းရမှာပါ။ server ကနေတဆင့် internet အသုံးပြုသူတွေအနေနဲ့တော့ အများအားဖြင့် 192.168.0.1 port : 8080 နဲ့အလုပ်လုပ်ပါတယ်။ အဲ့ဒီလိုထည့်သွင်းပြီးသွားပြီဆိုရင် Ultrasurf က Retry Button ကိုနှိပ်ပါ။ စတင်အလုပ်လုပ်ပါမယ်။ Connection successful ဖြစ်သွားပြီဆိုရင် IE နဲ့စတင်အသုံးပြုနိုင်ပါပြီ။ အဲ့ဒီမှာ အပြာနဲ့ဝိုင်းထားတဲ့နေရာမှာ ရွေးချယ်စရာ proxy server သုံးခုကို speed နဲ့တစ်ကွဖော်ပြပေးထားပါတယ်။ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Firefox နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ Firefox ရဲ့ Connection Setting (Tool > Option > Network > Connection မှာပါ။ version အလိုက်ကွဲပြားမှုတော့ နည်းနည်းရှိပါတယ်။ Connection Setting ကိုရအောင်ရှာပါ။) က Manual Proxy setting မှာ proxy address : 127.0.0.1 port : 9666 ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်။


ဒါဆိုရင် Ultrasurf ကိုအခက်အခဲမရှိအသုံးပြုနိုင်ပါပြီ။

ဆက်ဖတ်ချင်ရင်...

Wednesday, June 4, 2008

XP မှာ မသုံးတော့တဲ့ Driver တွေဖယ်ရှားခြင်း

Windows XP မှာ device တစ်ခုကို install လုပ်တဲ့အခါ ကွန်ပျူတာ boot လုပ်တိုင်း ဒီ driver ကို Operating System က load လုပ်ပေးပါတယ်။ ဒီ driver ကို သုံးတဲ့ device မရှိတော့လည်း OS က driver ကို load လုပ် ပြီး resource တွေကို အလဟဿ ဖြစ်စေတာကြောင့် စက်မှာမရှိတော့တဲ့ device တွေရဲ့ driver တွေကို ဖယ်ရှားပစ်သင့်ပါတယ်။မလိုအပ်တော့တဲ့ device driver တွေကို ဖယ်ရှားပစ်ဖို့ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်-
My Computer ကို right click လုပ်ပါ။ အဲဒီက Properties ကို click လုပ်ပါ။ (win+pause break) System Properties dialoag box တက်လာပါမယ်။ Advance tab ကိုရွေးပါ။ Advance tab က Environment Variables button ကို နှိပ်ပါ။ အဲဒီက System Variable panel အောက်ရှိ New ကိုနှိပ်ပါ။ ပေါ်လာတဲ့ New System Variable dialog box မှ Variable name မှာ devmgr-show-nonpresent-devices လို့ ရေးထည့်ပေးပါ။ Variable Value မှာ (1) တစ်လို့ရေးထည့်ပေးပါ။ OK ကိုနှိပ်ပါ။ System Properties dialog box ကိုပြန်ရောက်သွားမယ်။ OK ကိုပဲဆက်နှိပ်ပါ။ Hardware tab ကို ရွေးပါ။ Device Manager button ကိုနှိပ်ပါ။ Device Manager မှာ View menu မှတစ်ဆင့် Show Hidden Devices ကိုသွားပါ။ ပြီးရင် Device tree မှာရှိတဲ့ + ကလေးတွေကိုနှိပ်ပြီးဖြန့်ထုတ်လိုက်ပြီး မှိန်နေတဲ့ Icon တွေကိုရှာပါ။ မှိန်နေတာဟာ အသုံးမပြုတော့လို့ဖြစ်ပါတယ်။ အဲဒီ အသုံးမပြုတော့တဲ့ Device ရဲ့ Driver ကို ဖယ်ရှားချင်ရင် အဲဒီ Icon ပေါ်မှာ Right click လုပ်ပြီး uninstall ကိုရွေးချယ်ပေးလိုက်ပါ။

ဆက်ဖတ်ချင်ရင်...

Registry အကြောင်း လေးတွေ

Registry ဟာ windows ရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိတယ်ဆိုတာကို ယနေ့မှာ လူအတော်များများသိပြီးဖြစ်ပါတယ်။ Registry ကနေ ကိုအလုပ်မလုပ်စေချင်တဲ့ Program တွေကို ပိတ်လို့ရသလို windows ထဲမှရှိတဲ့ အရာတွေကို ပြုပြင်လို့ရတယ်ဆိုတာကို နည်းပညာနဲ့ အကျွမ်းဝင်တဲ့လူအချို့တွေတောင်မသိနိုင်ကြပါဘူး။ အချို့သော Program တွေက Folder Option ဖျောက်ပစ်တာ၊ Task bar ဖျောက်ပစ်တာ၊ Search တို့ Run တို့ Dialog box တို့ကို ဖျောက်ပစ်တာ တွေကို Registry မှာ သွားရေးပြီး ပိတ်ထားသလို Registry ကိုလည်း ဖွင့်လို့မရအောင် ပိတ်ထားကြတဲ့အတွက် စိတ်ကသိကအောက် ဖြစ်ရတာကိုလည်း ကြုံဖူးကြမှာပါ။

Registry ဟာ Administrator မဟုတ်ခဲ့လျှင် ၀င်ရောက်ကိုင်တွယ်လို့မရပါဘူး။ Administrator တွေတစ်ဦးထက်ပိုပြီးထားခဲ့မိလျှင်တော့ C:\Windows\registry ကိုရှာပြီး registry ပုံလေးကို right click ခေါက်ကာ Run as ဆိုတဲ့ command ကို click လုပ်ပြီး window box ကျလာလျှင် The following user ဆိုတဲ့ နေရာမှာ click ခေါက်ပြီး registry ကို ဖွင့်စေချင်တဲ့ Administrator ရဲ့ အမည်နဲ့ Password ကို ပေးထားခဲ့လျင် အခြားသူဝင်ပြီးမကိုင်တွယ်နိုင်တော့ဘဲ သတ်မှတ်ပေးထားတဲ့ Administrator ကသာကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။
အဖျက်အမှောင့် Software တွေဟာလည်း Registry မှာဝင်ရောက်ရေးထားတာဖြစ်သလို Software တွေကို တင်တိုင်းဖျက်တိုင်းမှာ Registry ဟာ အမြဲမှတ်သားထားတာ ဖျက်ပစ်တာကိုလုပ်ရပါတယ်။ ကြာလာတဲ့အခါမှာ Registry ဟာ မှတ်သားထားတာတွေများလာပြီးပွယောင်း လာပါတော့တယ်။ Registry မှာ key တွေများပြားလာတဲ့အခါကွန်ပျူတာဟာ နှေးကွေးလေးလံလာပါတယ်။ ဒီအချက်ကိုပြုပြင်လိုလျှင်တော့ Registry ကို သန့်ရှင်းပေးတဲ့ Software ကို သုံးပြီးသန့်ရှင်းပေးရမှာဖြစ်ပါတယ်။ System ကိုလည်းသန့်ရှင်းပေးတဲ့ Software တွေသီးသန့်ရှိတဲ့အတွက် တစ်လကိုတစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်စေခြင်းဖြင့် ကွန်ပျူတာမှာဖြစ်ပေါ်တတ်တဲ့ သာမန် Software ပြဿနာတွေ ပေါ်မလာနိုင်တော့ပါဘူး။

ဆက်ဖတ်ချင်ရင်...

Tuesday, June 3, 2008

Servena မွေးဖွားလာရခြင်း အကြောင်း

ဒီ blog လေးကတော့ ကျွန်တော့် ရဲ့ ဒုတိယမြောက် blog လေးပါ။ ပထမ blog မှာက အကြောင်းအရာတွေရှုပ်ထွေးနေတဲ့အတွက် အဲဒီက ကွန်ပျူတာနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာလေးတွေကို ဒီ blog မှာ ပြန်လည်စုပေါင်းတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်လက်လှမ်းမှီသရွေ့ ဖတ်ထားသမျှသိသိထားသမျှလေးတွေကို မသိသေးသောသူများရှိရင်လည်း သိသွားရအောင်၊ သိပြီးသားသူများဆိုလျှင်လည်း အမှားများပါခဲ့လျှင်ပြင်ဆင်ပေးနိုင်အောင် ဆွေးနွေးနိုင်အောင်၊ အကြံ ဉာဏ်များပေးနိုင်အောင်ရေးသားထားခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်သိချင်တဲ့၊ ကျွန်တော်သိထားတဲ့ အကြောင်းအရာလေးတွေကို မှတ်စုသဘောမျိုး ရေးမှတ်ထားခြင်းမျှသာ ဖြစ်ပါတယ်။ အချို့ အကြောင်းအရာများမှာ ကျွန်တော်ကိုယ်တိုင်ရေးသားခြင်းမဟုတ်ဘဲ၊ ကျွန်တော်ဖတ်ဖူးသော စာအုပ်၊ ဂျာနယ်ပါအကြောင်းအရာများကို အချိန်မရွေး ပြန်လည်ဖတ်ရှုနိုင်အောင် online storage ပြုလုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော့် blog ကို ဖတ်ရှုပြီး အသိတစ်ခုတိုးသွားတယ်ဆိုရင်တော့ ကျွန်တော် အတိုင်းမသိဝမ်းသာမိမှာပါ။ လာရောက်ဖတ်ရှုသူများထဲမှ ကျွန်တော်မသိသေးတာ တစ်ခုခု ပြောခဲ့မယ်ဆိုရင်တော့ ကျွန်တော့်အတွက် ပညာတစ်ခုတိုးသွားတဲ့အတွက် အတိုင်းမသိကျေးဇူးပါ။ လာလည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ဆက်ဖတ်ချင်ရင်...